နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မူအစီအစဉ်အပိုင်း(၁)(ICC1)ဒေသများသို့ ပူးတွဲကွင်းဆင်းလေ့လာရေးသွားရောက်ခြင်း 28.05.2018

ရွာသူရွာသားများ၊ရပ်ရွာအကျိုးပြုပုဂ္ဂိုလ်များ၊SMRUနှင့်MAMမှကွင်းဆင်းစီမံချက်ဝန်ထမ်းများနှင့်အတူ တွေ့ရသောပူးတွဲကွင်းဆင်းလေ့လာရေးအဖွဲ့ဝင်များ။

PR-UNOPS RAIအဖွဲ့သည်၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလ(၁၆)ရက်မှ (၁၉) ရက်နေ့အထိ အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံကိန်း(Nationnal Malaria Control Programme – NMCP) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization – WHO )တို့နှင့်အတူပူးတွဲကွင်းဆင်း လေ့လာရေးခရီးသွားရောက်ခဲ့သည်။ဒေသတွင်းအာတီမီစနင်းဆေးယဉ်ပါးမူကနဦးစီမံချက်၏ နိုင်ငံ အချင်းချင်းပူးပေါင်းဆောင်ရွက်မူအစီအစဉ်အောက်ရှိ(Shoklo Malaria Research Unit – SMRU)နှင့် (Medical Action Myanmar – MAM )တို့၏စီမံချက်အကောင်အထည်ဖေါ်သည့်ဒေသများသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

PR-UNOPS RAIအဖွဲ့သည်၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလ(၁၆)ရက်မှ (၁၉) ရက်နေ့အထိ အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံကိန်း(Nationnal Malaria Control Programme – NMCP) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization – WHO )တို့နှင့်အတူပူးတွဲကွင်းဆင်း လေ့လာရေးခရီးသွားရောက်ခဲ့သည်။ဒေသတွင်းအာတီမီစနင်းဆေးယဉ်ပါးမူကနဦးစီမံချက်၏ နိုင်ငံ အချင်းချင်းပူးပေါင်းဆောင်ရွက်မူအစီအစဉ်အောက်ရှိ(Shoklo Malaria Research Unit – SMRU)နှင့် (Medical Action Myanmar – MAM )တို့၏စီမံချက်အကောင်အထည်ဖေါ်သည့်ဒေသများသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။

လေ့လာရေးအဖွဲ့သည်ကရင်ပြည်နယ်ရှိဝေးလံခေါင်ဖျားဒေသမှရွာလေးရွာသို့သွားရောက်ခဲ့ကြသည်။ရွာနှစ်ရွာမှာအုပ်စုလိုက်ငှက်ဖျားဆေးတိုက်ကျွေးခြင်း(mass drug administration –MDA)ကိုရရှိထားပြီးကျန်နှစ်ရွာမှာမရရှိသေးပေ။သူတို့အဖွဲ့သည်ငှက်ဖျားစခန်းများကို ကြည့်ရှုလေ့လာခြင်း၊ငှက်ဖျားစခန်းရှိလုပ်သားများနှင့်တွေ့ဆုံမေးမြန်းခြင်းနှင့်လူနာမှတ်တမ်းတင်ခြင်း အချက်အလက်များကိုစစ်ဆေးခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်။MDAရရှိထားသောရွာနှစ်ရွာတွင်ရွာသူရွာသား များ၏ငှက်ဖျားဆိုင်ရာဗဟုသုတ၊ရောဂါကာကွယ်ရေးလုပ်ငန်းများကိုလေ့လာခဲ့သည့်အပြင်၊အထူးအရေးပါသည့်သူတို့၏အမြင်သဘောထားများ၊အတွေ့အကြုံများနှင့်MDAကိုလက်ခံကြိုဆိုမှုတို့ကိုသိရှိနိုင်ရန် စနစ်တကျပြုစုထားသောစစ်တမ်းမေးခွန်းလွှာများကိုအသုံးပြု၍ဒေသခံများနှင့်တွေ့ဆုံမေးမြန်းခြင်းများပြု လုပ်ခဲ့ကြသည်။

Joint field visပူးတွဲကွင်းဆင်းလေ့လာရေးအဖွဲ့ဝင်များစီမံချက်အကောင်အထည်ဖေါ်နေသည့်ရွာများသို့မသွားရောက်မှီ လုပ်ငန်းအကောင်အထည်ဖေါ်နေမူများကိုရှင်းလင်းဆွေးနွေးစဉ်။it team members attend a briefing before visiting the project villages of SMRU and MAM
ပူးတွဲကွင်းဆင်းလေ့လာရေးအဖွဲ့ဝင်များစီမံချက်အကောင်အထည်ဖေါ်နေသည့်ရွာများသို့မသွားရောက်မှီ လုပ်ငန်းအကောင်အထည်ဖေါ်နေမူများကိုရှင်းလင်းဆွေးနွေးစဉ်။

လေ့လာရေးအဖွဲ့သည်ငှက်ဖျားစခန်းများအားလုံးကောင်းစွာလည်ပတ်နေပြီးလူထု၏MDAကိုလက်ခံကြိုဆိုမှုအနေအထားမှာလည်းကောင်းကြောင်းတွေ့ရှိခဲ့ကြသည်။MDAရရှိသောရွာများနှင့်မရရှိ သောရွာများတွင်ပါငှက်ဖျားရောဂါဖြစ်ပွားသူအရေအတွက်ကျဆင်းနေကြောင်းသတင်းရရှိခဲ့သည်။သို့သော်လည်းMDAအစီအစဉ်ပြီးဆုံးပြီးနောက်ရွှေ့ပြောင်းသွားလာလှုပ်ရှားမှုနည်းသည့်သီးခြားတည်ရှိနေသော ရွာများတွင်ပင်ငှက်ဖျားရောဂါဖြစ်သူအရေးအတွက်တဖြည်းဖြည်းပြန်လည်၍တိုးများလာနေခဲ့ကြောင်းတွေ့ရှိခဲ့ကြသည်။

လေ့လာရေးအဖွဲ့သည်မြန်မာနိုင်ငံတွင်MDAတိုက်ကျွေးလုပ်ဆောင်မှုများ ပိုမိုကျယ်ပြန့်စွာအကောင်အထည်ဖေါ်ရေးအပေါ်တွင်အကြံပြုချက်များပေး ခဲ့သည်။MDAသည်ငှက်ဖျားရောဂါကင်းစင်ပပျောက်ရေးကဏ္ဍတွင်ထိရောက်သောစီမံေဆောင်ရွက်မှုဖြစ် သော်လည်းရွှေ့ပြောင်းသွားလာလှုပ်ရှားမှုနည်းသည့်ဒေသများတွင်ပိုမိုလုပ်ဆောင်သင့်ပြီးလူထုနှင့်ထိတွေ့ဆက်ဆံမှု၊နောက်ဆက်တွဲစောင့်ကြည့်မှုတို့ကိုအမြဲတမ်းတွဲဖက်လုပ်ကိုင်နိုင်ရမည်ဖြစ်သည်။မြန်မာနိုင်ငံတွင်  မတူကွဲပြားခြားနားသောပထဝီဝင်ဆိုင်ရာသဘာဝအနေအထားများ၊ပတ်ဝန်းကျင်နှင့်ရောဂါဖြစ်ပွား ပျံနှံမှုဆိုင်ရာအပြောင်းအလဲများကိုထည့်သွင်းစဉ်းစားပါကငှက်ဖျားရောဂါဝန်ထုပ်ဝန်ပိုးကိုလျှော့ချနိုင်ရန် စေတနာ့ဝန်ထမ်းများဖြင့်ကောင်းစွာလည်ပတ်နေသောငှက်ဖျားစခန်းများထားရှိရန် အလွန်အရေးကြီးကြောင်းအဆုံးသတ်ကောက်ချက်ချသည်။သူတို့၏တွေ့ရှိချက်များကို အထောက်အကူပြုနိုင်ရေးအတွက်နောင်လာမည့်လေ့လာသုံးသပ်ရေးအဖွဲ့များကိုကျေးရွာ အရေအတွက်တိုး၍သွားရောက်နိုင်ရန်အချိန်ပိုမိုသတ်မှတ်ပေးသင့်ကြောင်းကိုလည်းအကြံပြုခဲ့ကြသည်။