ငှက်ဖျားရောဂါတိုက်ဖျက်ရန် fintech ငွေလွှဲစနစ်ကို အသုံးပြုခြင်း 27.02.2018

ရပ်ရွာဒေသများတွင်ငှက်ဖျားရောဂါနှင့်ပတ်သက်၍ပိုမိုသိရှိ၊သတိပြုမိလာစေရန်၊ဆေးရည်စိမ်ခြင်ထောင်များ ဖြန့်ဝေရန်နှင့်ငှက်ဖျားရောဂါဖြစ်ပွားနေသူများကိုရှာဖွေဖေါ်ထုတ်ကုသပေးရန်ကျေးရွာငှက်ဖျားလုပ်သားများကိုလေ့ကျင့်ပေးပြီးလိုအပ်သည့်များကိုကူညီပံ့ပိုးပေးထားသည်။အနီဆုံးကျန်မာရေးဌာနများသည်လိုအပ်သောဆေးဘက် ဆိုင်ရာပစ္စည်းကိရိယာများနှင့်အထောက်အပံ့များကိုပေးသည့်အပြင်electronicငွေပေးချေမှုကိုခွင့်ပြုပေးရန်အတွက်လည်းတာဝန်ရှိသည်။         Photo : Global Fund

RAI2Eသည်ငွေပေးချေမှုလုပ်ထုံးလုပ်နည်းအသစ်ကိုအကောင်အထည်ဖေါ်ပြီးနောက်ကမ္ဘောဒီယားနိုင်ငံတွင်ကျေးရွာငှက်ဖျားလုပ်သား(၃၂၄၇)ယောက်ပြန်လည်လုပ်ကိုင်ဆောင်ရွက်နေကြပြီဖြစ်သည်။Onlineမှငွေလွှဲခြင်းသည်ကြိုနီး စနစ်ကိုဖြတ်တောက်၍ကျေးရွာငှက်ဖျားလုပ်သားများထံသို့ထောက်ပံ့ကြေးများကိုတိုက်ရိုက်ချက်ချင်းရရှိမှုကိုလွယ်ကူချောမောစေသည်။ 

RAI2Eသည်ငွေပေးချေမှုလုပ်ထုံးလုပ်နည်းအသစ်ကိုအကောင်အထည်ဖေါ်ပြီးနောက်ကမ္ဘောဒီယားနိုင်ငံတွင်ကျေးရွာငှက်ဖျားလုပ်သား(၃၂၄၇)ယောက်ပြန်လည်လုပ်ကိုင်ဆောင်ရွက်နေကြပြီဖြစ်သည်။Onlineမှငွေလွှဲခြင်းသည်ကြိုနီး စနစ်ကိုဖြတ်တောက်၍ကျေးရွာငှက်ဖျားလုပ်သားများထံသို့ထောက်ပံ့ကြေးများကိုတိုက်ရိုက်ချက်ချင်းရရှိမှုကိုလွယ်ကူချောမောစေသည်။ 

ကမ္ဘောဒီယားနိုင်ငံတွင်ပြည်သူ့ကျန်မာရေးစောင့်ရှောက်မှုလွှမ်းခြုံသောနေရာများမှအလှမ်းကွာဝေးသည့် ဒေသများ၌ငှက်ဖျားရောဂါကာကွယ်ခြင်းနှင့်ကုသခြင်းတွင်ကျေးလက်ငှက်ဖျားလုပ်သားများသည်အခရာကျသော အခန်းကဏ္ဍမှပါဝင်ကြသည်။သူတို့၏လုပ်ငန်းတာဝန်များတွင်ရပ်ရွာဒေသအတွင်းငှက်ဖျားရောဂါကို ပိုမိုသိရှိသတိပြု မိလာစေမည့်စုဝေးပွဲများကိုစည်းရုံးဆောင်ရွက်ခြင်းကဲ့သို့သောတားဆီးကာကွယ်ရေးလှုပ်ရှားမှုများမှသည် ငှက်ဖျားရောဂါရှာဖွေဖေါ်ထုတ်ခြင်းနှင့်စစ်ဆေးခြင်းအပြင်ဖျားနာနေသောလူနာများကိုကုသမှုပေးခြင်းအထိပါဝင် သည်။ငှက်ဖျားရောဂါဖြစ်ပွားလေ့ရှိသောဒေသများတွင်တာရှည်ခံဆေးရည်စိမ်ခြင်ထောင်များ ဖြန့်ဝေရာတွင်လည်းကျေးလက်ငှက်ဖျားလုပ်သားများပါဝင်လုပ်ကိုင်ကြရသည်။ရွေ့လျားငှက်ဖျားလုပ်သားများသည် အလားတူလုပ်ငန်းများကိုလုပ်ကိုင်ကြရသော်လည်းကမ္ဘောဒီယားနိုင်ငံ၏သစ်တောများနှင့်စိုက်ခင်းများတွင် လုပ်ကိုင်နေသူများကဲ့သို့သောအန္တရာယ်ရှိသည့်ရွေလျားနှင့်ရွှေ့ပြောင်းနေထိုင်သူများကိုဦးတည် ရည်မှန်းလုပ်ဆောင်ကြရသည်။

ကျေးလက်ငှက်ဖျားလုပ်သားများလုပ်ကိုင်နေကြရသောဝေးလံခေါင်ဖျားဒေသများသည်ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုအကျုံးဝင်သောနေရာများမှအလှမ်းကွာဝေးသည်သာမကအခြေခံငွေကြေးဝန်ဆောင်မှုများမှလည်း မကြာခဏဖြတ်တောက်နေတက်သည်။ကျေးလက်ဒေသနေကမ္ဘောဒီယားလူမျိုးအနည်းငယ်မျှတွင်သာမိမိတို့ အမည်နှင့်ဘဏ်ငွေစာရင်းရှိကြပြီးကျေးရွာငှက်ဖျားလုပ်သားများကိုငွေပေးချေရာ၌၂၀၁၅ခုနှစ်အထိရှိမြဲ အန္တရာယ်နှင့် အားနည်းချက်များရှိသည့်စနစ်ဖြစ်သောငွေသားဖြင့်တိုက်ရိုက်ပေးချေခြင်းကိုပြုလုပ်ခဲ့သည်။

၂၀၁၇ခုနှစ်တွင်RA12Eသည်ကျေးလက်ငှက်ဖျားလုပ်သားများအနေဖြင့်သူတို့၏ခရီးစရိတ်နှင့်ထောက်ပံ့ကြေးများ ကိုelectronicငွေပေးချေးမှုမှတစ်ဆင့်ရရှိနိုင်သောစနစ်ကိုစမ်းသပ်ကျင့်သုံးသည်။သူတို့၏လက်ကိုင်ဖုန်းများ သို့တိုက်ရိုက်ထည့်သွင်းပေး၍သော်လည်းကောင်း၊သို့မဟုတ်ငွေထုတ်ယူရန်ဒေသဆိုင်ရာကိုယ်စားလှယ်ထံ တင်ပြနိုင်ရန်သင်္ကေတနံပါတ်ပုံစံဖြင့်ဖြစ်သည်။စမ်းသပ်လုပ်ကိုင်မှု၏ရလဒ်များသည်အားတက်ဖွယ်ရာပင်ဖြစ်သည်။ စုစုပေါင်းနိုင်ငံ၏၇၀%တွင်ဝန်ဆောင်မှုများပေးနိုင်သောelectronicငွေပေးချေမှုပြုလုပ်ပေးသည့်သီးခြား လုပ်ငန်းနှစ်ခုကို RAI2E ကလက်ရှိအသုံးပြုလျက်ရှိသည်။

၂၀၁၇ခုနှစ်တွင်ယခင်ကRAIအတွက်လုပ်ကိုင်ပေးခဲ့သောကျေးရွာငှက်ဖျားလုပ်သား(၃၂၄၇)ယောက်ကို ရှာဖွေဖေါ်ထုတ်၍electronicငွေပေးချေမှုလုပ်ငန်းတစ်ခုနှင့်မှတ်ပုံတင်ပေးပြီးသင်တန်းများပြန်လည်ပို့ချပေးခဲ့သည်။ ၂၀၁၇ခုနှစ်ဒုတိယနှစ်ဝက်တွင်ထိုကျေးလက်ငှက်ဖျားလုပ်သားများသည်ကျေးရွာ(၂၀၇၁)ရွာတွင်လူ(၃၉၀၀၀)ကိုငှက်ဖျားရောဂါစစ်ဆေးပေးပြီး(၈၇၆၁)ယောက်ကိုကုသမှုပေးနိုင်ခဲ့သည်။ထပ်မံဖြည့်စွက်သည့်ကျေးရွာလုပ်သား(၁၄၉၃)ယောက်ကိုမှတ်ပုံတင်၍သင်တန်းပြန်လည်ပို့ချပေးပြီးနောက်၂၀၁၈ခုနှစ်အစပိုင်းလများတွင်ကမ္ဘောဒီးယားနိုင်ငံအနှံ့၌တာဝန်ထမ်းဆောင်ကြတော့မည်ဖြစ်သည်။

Electronicငွေပေးချေမှုစတင်ကျင့်သုံးခြင်းသည်ကမ္ဘောဒီယားနိုင်ငံတွင်RAI2Eစီမံချက်အကောင်အထည် ဖေါ်ခြင်း၏အကျိုးရှိမှုနှင့်အရည်အသွေးရှိမှုသေချာစေရန်၂၀၁၇ခုနှစ်တွင်အကောင်အထည်ဖေါ်ခဲ့သည့်တိုးတက်မှုအချို့အနက်တစ်ခုသာဖြစ်သည်။ငှက်ဖျားရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့်ကုသခြင်း၊ငှက်ဖျားရောဂါအခြေအနေ စောင့်ကြည့်ခြင်းနှင့် ရောဂါ ဖြစ်ပွားမှုကိုအချိန်မီအကြောင်းကြားနိုင်ပြီးတစ်ချိန်တည်းအရေးယူပြန်ကြားပေးသော စနစ်ကျင့်သုံးခြင်း၊အာရုံစိုက်စုံစမ်းခြင်း၊စီမံခန့်ခွဲခြင်းများအတွက်လမ်းညွှန်ချက်အသစ်များနှင့်ပတ်သက်၍ စောင့်ရှောက်မှုပေးသူစုစုပေါင်း(၇၀၀၀)ကျော်ကို လေ့ကျင့်ပေးပြီးဖြစ်သည်။စီမံချက်စီမံခန့်ခွဲမှုမူဘောင်အသစ်သည် နေရာတကျရှိနေပြီဖြစ်ပြီး RAI2E၏လုပ်ဖေါ်ကိုင်ဖက်များ၊ဥပမာအားဖြင့် National Centre for Parasitology, Entomology and Malaria control, Provincial Health Department, District Health Departments နှင့် NGO များကိုRAI2E ၏ စံလုပ်ထုံးလုပ်နည်းများနှင့်မူဘောင်အသစ်များလေ့ကျင့်သင်ကြာပေးပြီးဖြစ်သည်။

သတင်းပေးပို့လာသောငှက်ဖျားရောဂါလူနာများလတ်တလောတိုးများလာပြီးနောက်ပိုင်းတွင်ခြင်ကိုက်ခြင်းမှ ကာကွယ်ရန်ဆေးရည်စိမ်ခြင်ထောင်များဖြန့်ဝေနိုင်ရေးအတွက်အန္တရာယ်မြင့်မားသောဒေသများကိုဦးတည်၍ လုပ်ဆောင်လာရသည်။ဆေးရည်စိမ်ခြင်ထောင်သန်းတစ်ဝက်ကိုလအနည်းအတွင်းဖြန့်ဝေပေးခဲ့ပြီးရပ်ရွာဒေသ များအားလုံးသို့ရောက်ရှိသည်အထိဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်သည်။ထို့အပြင်ကျန်းမာရေးဌာနများ နှင့်ကျေးလက်ငှက်ဖျားလုပ်သားများတစ်ဆင့်၂၀၁၄ခုနှစ်တွင်ဖြန့်ဝေပေးခဲ့သောခြင်ထောင်နှစ်သန်းခွဲကိုလည်း အသစ်လဲလှယ်ပေးရန်RA12Eကစီစဉ်ထားသည်။ထိုခြင်ထောင်များသည်သက်တမ်းကုန်သောကာလသို့  ရောက်ရှိလာပြီဖြစ်၍ပုံမှန်အားဖြင့်ရောဂါကူးစက်ခြင်းအမြင့်မားဆုံးဖြစ်သည့်မိုးရာသီမတိုင်မီအစားထိုးလဲလှယ် ပေးရန် RA12E ကရည်မှန်းထားသည်။