ရပ်ရွာ၏ယုံကြည်မှုကိုအောင်မြင်စွာရယူနိုင်ခြင်း၊“ကျွန်မသည်ရပ်ရွာဆရာမ" ဖြစ်ပါသည် 04.10.2017

ငှက်ဖျားရောဂါရှာဖွေရေးနှင့်ကုသမှုကိုARCငှက်ဖျားစီမံချက်ကအခမဲ့ပေးသည်။

ဒေါ်ချိုချိုဝင်းသည်သူမ၏လူနာများရောဂါပျောက်ကင်းပြီးလုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်သည်ကိုမြင်တွေ့ရသည့်အတွက်ပျော်ရွှင်ရသည်။“သူတို့ကကျေးဇူးတင်ပြီးကျွန်မကို‘ဆရာမ’လို့ခေါ်ကြတယ်။ကျွန်မ အဖို့ကတော့‘ဆရာမ’ဆိုတဲ့စကားလုံးထက်ပိုပြီးချိုမြတဲ့၊ပျော်ရွှင်စရာကောင်းတဲ့စကားလုံးမရှိတော့ပါဘူး၊ကျွန်မကြိုးစားပမ်းစားလုပ်ကိုင်တာကိုယုံကြည်မှု၊လေးစားမှု၊လက်ခံမှု၊အသိအမှတ်ပြုမှုတွေရဲ့ရောင်ပြန်ဟပ်မှုတွေပါပဲ။စေတနာ့ဝန်ထမ်းငှက်ဖျားလုပ်သားအဖြစ်ကြိုးပမ်းလုပ်ကိုင်ရကျိုးနပ်ပါတယ်”ဟုဒေါ်ချိုချိုဝင်းကပြောသည်။

ဒေါ်ချိုချိုဝင်းသည်တနင်္သာရီတိုင်း၊ကော့သောင်းမြို့နယ်၊၂၂မိုင်ဆိပ်ခံတံတားရှိအမေရိကန်ဒုက္ခသည်များဆိုင်ရာကော်မတီ(ARC)ငှက်ဖျားစခန်းအတွက်လုပ်ကိုင်ပေးနေသောငှက်ဖျားစေတနာ့ဝန်ထမ်းလုပ်သား ဖြစ်သည်။

ARC၏ငှက်ဖျားစီမံချက်သည်ရွှေ့ပြောင်းသွားလာနေထိုင်သူများထဲမှစေတနာ့ဝန်ထမ်းများကိုစု ဆောင်း၍သင်တန်းပေးသည်။ထိုစီမံချက်အရစေတနာ့ဝန်ထမ်းလုပ်သားများသည်မကြာခဏအိမ်တိုင်ရာ ရောက်သွားရန်လိုအပ်သည်။ငှက်ဖျားရောဂါအန္တရာယ်ရှိသောရွှေ့ပြောင်းသွားလာနေထိုင်သူများကိုကျန်းမာရေးပညာပေးခြင်းနှင့်အတူငှက်ဖျားအမြန်သွေးစစ်ကိရိယာ(Rapid Diagnostic Test -RDT)ဖြင့်ရောဂါအမြန်ရှာဖွေခြင်းနှင့်ကုသမှုတို့ကိုအခမဲ့လုပ်ကိုင်ပေးသည်။ကျေးရွာအစွန်အဖျားရှိအိမ်များသို့သွားရခြင်းများလည်းပါဝင်သည်။ 

တစ်ခါတွင်မူ၊ဒေါ်ချိုချိုဝင်းသည်ငှက်ဖျားရောဂါအတွက်တိုက်ရိုက်ကြည့်ရှုကုသမှုပေးရန်၂၈မိုင်၊ဦးဖိန်ပန်းခြံ တွင်နေထိုင်သောလူနာနှစ်ဦး၏အိမ်များသို့သွားရန်ရှိလာသည်။မိုးရာသီဖြစ်သည့်အတွက်ညအခါတွင် အန္တရာယ်ရှိပြီးလူသွားလူလာပြတ်သည့်ရွှံ့ဗွက်ထူသောလမ်းမှဒေါ်ချိုချိုဝင်းသွားရသည်။

ဒေသတွင်းအာတီမီစနင်းဆေးယဉ်ပါးမူကနဦးစီမံချက်(Regional Artemisinin-resistance Initiative-RAI)မှရရှိသောအထောက်အပံ့ဖြင့်ARC ငှက်ဖျားစီမံချက်ကအခမဲ့ပေးသော၊ငွေကုန်ကြေးကျမှုလုံးဝမရှိသည့်ငှက်ဖျားရောဂါရှာဖွေရေးနှင့်ကုသမှုကိုထိုဒေသရှိရပ်ရွာလူထုရရှိစေလိုသည်မှာဒေါ်ချိုချိုဝင်း၏စစ်မှန်သောစေတနာဆန္ဒဖြစ်သည်။ဒေါ်ချိုချိုဝင်း သည်သူမ၏လူနာများရောဂါပျောက်ကင်းပြီးလုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်လုပ်ကိုင်နိုင်သည်ကိုမြင်တွေ့ရသည့်အတွက်ပျော်ရွှင်ရသည်။“သူတို့ကကျေးဇူးတင်ပြီးကျွန်မကို‘ဆရာမ’လို့ခေါ်ကြတယ်။ကျွန်မ အဖို့ကတော့‘ဆရာမ’ဆိုတဲ့စကားလုံးထက်ပိုပြီးချိုမြတဲ့၊ပျော်ရွှင်စရာကောင်းတဲ့စကားလုံးမရှိတော့ပါဘူး၊ကျွန်မကြိုးစားပမ်းစားလုပ်ကိုင်တာကိုယုံကြည်မှု၊လေးစားမှု၊လက်ခံမှု၊အသိအမှတ်ပြုမှုတွေရဲ့ရောင်ပြန်ဟပ်မှုတွေပါပဲ။စေတနာ့ဝန်ထမ်းငှက်ဖျားလုပ်သားအဖြစ်ကြိုးပမ်းလုပ်ကိုင်ရကျိုးနပ်ပါတယ်”ဟုဒေါ်ချိုချိုဝင်းကပြောသည်။

ဒေါ်ချိုချိုဝင်း၏ရပ်ရွာလူထုနှင့်ဆက်ဆံရေးသည်၊အောင်မြင်သောရပ်ရွာလူထုပူးပေါင်း ပါဝင်မှုနှင့်အပြန်အလှန်အကျိုးပြုမှုကိုတိုင်းတာရမည့်စံနမူနာတစ်ခုဖြစ်သည်။ ယနေ့အချိန်အခါတွင်ARCငှက်ဖျားစီမံချက်ကိုရပ်သူရွာသားများကပိုမိုသိရှိလာကြပြီဖြစ်သည်။စီမံချက်စတင် ပြီးနောက်တွင်ကျန်းမာရေးပညာပေးလုပ်ငန်းများ၊လူထုစုဝေးပွဲများ၊ပြိုင်ပွဲများနှင့်လှုပ်ရှားဆောင်ရွက်မှုများ တွင်ပိုမိုပူးပေါင်းပါဝင်လာကြသည်။

RAI၏အထောက်အပံ့ဖြင့်ARCသည်ငှက်ဖျားစီမံချက်ကို၂၀၁၄ခုနှစ်ကတည်းကအကောင်အထည်ဖေါ်လုပ်ကိုင်ခဲ့သည်။ARC၏လုပ်ငန်းဆောင်ရွက်မူများအကြောင်းပိုမိုသိရှိရန်ဤနေရာတွင်ဖတ်ပါ။